Events
Nairobi International Trade Fair (NITF)
Updated At: 2020-02-26 09:58:53
“Nairobi International Trade Fair (NITF)” ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၈ ရက်နေ့မှ အောက်တိုဘာလ ၄ ရက်နေ့ထိ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သိရှိရပါသည်။
NITF ပြပွဲတက်ရောက်ခြင်းဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးကဏ္ဍနှစ်ခုစလုံးတွင် ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် အသိအမြင်ဗဟုသုတဖလှယ်ရေး၊ ပြပွဲများ၊ B2B အခွင့်အလမ်းများ၊ ကွန်ရက်ယှက်နွယ်မှုအခွင့်အလမ်းများ၊ ကွန်ဖရင့်များနှင့် ဆွေးနွေးပွဲများအတွက် အခြေခံ အုတ်မြစ်ကို ချမှတ်ပေးနိုင်မည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။
ပြပွဲသို့ စိတ်ပါဝင်စားတက်ရောက်လိုပါက အချက်လက်များနှင့် လျှောက်လွှာပုံစံများ၊ လက်ကမ်းစာစောင်ကို ပူးတွဲပေးထားပါသည်။
ပြပွဲသို့ မြန်မာနိုင်ငံမှလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှင်များ တက်ရောက်နိုင်ရန် ဖိတ်စာများကို ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ (၂၅-၂-၂၀၂၀) ရက်နေ့တွင် ဖြန့်ဝေပေးထားပါသည်။
ပြပွဲဆိုင်ရာအချက်အလက်များသိရှိလိုပါက မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ရုံးအမှတ်(၃)၊ နေပြည်တော်၊ ဖုန်း- ၀၆၇-၃၄၀၈၆၀၈၊ ၀၆၇-၃၄၀၈၆၂၂၊ ၀၆၇-၃၄၀၈၆၂၃ နှင့် email:moctradefair@ gmail.com သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးပါ သည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026